Monday, December 14, 2015

ကာရန်ကဗျာရေးသူ သိသင့်သောအချက်များ

"ကာရန်"

ကဗျာရဲ့အသက်ဟာ ကာရန်
ကာရန် ၆၄ ပါးရှိတယ် ။
ကာရန်ကိုသိပြီး ကာရန်မချိတ်တတ် ရင်လည်း အလကားပဲ ။

"ကာရန်တူ"

အသံတူတာကိုပြောတာ။ဖွဲ့စည်းပုံ
အက္ခရာ မတူတူ အသံတူပြီးရော ။

နမူနာ

ကား=စား အား ထား ကြွား ပွား ပြား
ကီ=စီ တီ ပြီ ချီ မည်
လေ=တေ စေ နွေ ကြွေ ခြေ ကျေ
အိုင်=ကိုင် ဆိုင် ကြိုင် ကွိုင် ချိုင်
စသဖြင့်

"ကာရန်ယူနည်း"

ကဗျာတိုင်းမှာ ကာရန်ယူနည်းရှိ

သံပေါက်

သံပေါက်စပ်နည်း (ရ)နည်း
၁။ ၄ ၃ ၂ ကာရန် /၅ ပိတ်
၂။ ၄ ၃ ၁ ကာရန် /၅ ပိတ်
၃။ ၄ ၃ ၂ ကာရန်/၇ ပိတ် (၄/၇)
၎။ ၄ ၃ ၁ ကာရန်/၇ ပိတ်(၄/၇)
၅။ ၄ ၃ ၂ ကာရန်/၇ ပိတ်
၆။ ၅ ၃ ၂ ကာရန်/၅ ပိတ်
၇။ ၅ ၃ ၂ ကာရန်/၁၀ ပိတ်(၅/၁၀)

လင်္ကာစပ်နည်း (လေးလုံးစပ်)

၁။ ၄ ၃ ၂ ကာရန်/၄-၇ -၈-၉ ချ
၂။ ၄ ၃ ၁ ကာရန်/ ။
၃။ ၄ ၂ ကာရန်/ ။
၎။ ၄ ၁ ကာရန်/ ။

မှတ်ရန်
--------
၁။ ၄ ၃ ၂ သုံးချက်ညီ စပ်နည်းကို
ပင်တိုင်ထားပြီး ကျန်တဲ့
၎ ၃ ၁(အထူးသုံးချက်ညီစပ်နည်း)
၎ ၂(ဘီလူးရယ်)
၎ ၁(ဦးတိုက်) တို့ကို ရောနှောပြီး
ကြိုကြားထည့်ဖွဲ့လို့ရပါတယ်။

၂။ ၄ ၃ ၂ /၄ ၃ ၁ ကို ဆုံးအောင်ယူရပါတယ်။ ဖြတ်ပြီးတော့ (၄ / ၃ )တင်ယူပြီး
နောက်ကာရန်တစ်ခုကိုပြောင်းရင်
အသံသာယာမှုကို ထိခိုက်ပါတယ်။
(၄ ၃ )ကာရန်ကို ယူလို့ရတယ်။ဒါပေ
မယူရင်ပိုကောင်းတယ်။ ကာရန်ခြေ
ကျိုးလို့ခေါ်တယ်။ ကာရန်ခြေကျိုး အ
လွန်ရုပ်ဆိုးသတဲ့ ။

၃။ ချနည်းကိုတော့ ၄လုံး ၇ လုံး ၈ လုံး ၉လုံး စသဖြင့် ချလို့ရပါတယ်။
အများအားဖြင့်တော့ ၇ လုံးနဲ့ချတဲ့
(ခိုင်ညွန့်ခက်ဖြာချနည်း) ကိုသုံးပါ
တယ်။
သံပေါက်ချနည်း(၇)နည်းနဲ့လည်းချ
နိုင်ပါတယ်။

၎။ လေးလုံးတစ်ပါဒစီကို တစ်ကြောင်းတည်းဖြစ်စေlနှစ်ကြောင်း ယှဉ်လျက်ဖြစ်စေ ရေးလို့ရပါတယ်။

၅။ ၄ ၃ ၂/ ၄ ၃ ၁ ကာရန်ချည်း ဆိုရင်ဒုတိယပါဒတိုင်းကို ပါဒဆက် (ပါဒလင်္ကာရ)နဲ့ ဆက်ပေးရမယ်။

နမူနာ

မပယ်မ(ရှား)lမိဘ(အား)ကို
ဆ(ပွား)သိမ်(မွေ့)lလုပ်ကျွေး(လေ့)
ဖြင့်
စု(တေ့) နတ်ရွာ ရောက်စေမင်း ။

ကိုနှင့်ဖြင့် တို့သည် ဒုတိယပါဒများ၏
ပါဒဆက်(ပါဒလင်္ကာရ)များဖြစ်သည်။
_______________________________

"အချိုးကာရန်ယူနည်းများ"

ဒွေး တြိ လေး
-----------------------------
ပချိုး ဂရုချီ လဟုချီ လဟုချီ
လဟုချ ဂရုချ ဂရုချ
------------------------------
ဒုချိုး ကြိုက်ရာ ဂရုချီ
လဟုချ လဟုချ ။
-------------------------------
တချိုး - ကြိုက်ရာ ကြိုက်
လဟုချ လဟု
-------------------------------
စချိုး - - ။
-------------------------------
ဂရု=ချီသံ ၁၃လုံးကိုသုံးပါ ။
လဟု=ချသံ မှ အောက်မြစ်နှင့် ဝစ္စံ
ပေါက်ကိုသုံးပါ ။

မှတ်ရန်

၁။ လေးချိုးရဲ့ တတိယအချိုးကို ကြိုက်ရာချီ ဆိုပေမယ့် ချသံနှင့် ချီတာပိုသင့်။
၂။ လေးချိုးရဲ့ စတုထ္ထအချိုးကို လည်း ကြိုက်ရာချီ ဆိုပေမယ့် ချီသံဖြင့် ချီတာပိုသင့်။
_______________________________

" ပါဒလင်္ကာရ "

ပါဒချင်းဆက်ပေးသော စကားဆက်
ဖြစ်ပါတယ် ။

စကားဆက် ၃မျိုး

ဝိဘတ် ပစ္စည်း သမ္ပန္ဓ တို့ဖြစ်ပါတယ်
အကျယ်သိချင် မြန်မာသဒ္ဒါ မှာကြည့်
ပါ။ မူ/လယ်/ထက် အကုန်ပါတယ်။

နမူနာ

သည် က မှာ ကား လည်း ၏ သည်
မှ သို့ မို့ ဖို့ လို့ ရယ် ကွယ် တယ် မယ်
ဝယ် နှယ် ငယ် ၌ တွင် ပါ မှာ ခါ ဟာ နှင့် ဖြင့် ၍ ပြင် လျက် တည့် ကို သော် သို့ လို့ သည့် ဟု ဘိ လျှင် မည် တိုင် ဘု တဲ့ ငဲ့ ကဲ့ ကို လို အောင်
စသဖြင့်
------------------------------
"နဘေထပ်"

ကာရန် ၂လုံးကနေ
ကြိုက်သလောက် စာလုံးချင်းထပ်တူ
ကာရန်ယူတာပါ။

လောက ပြောပြ ဒေါသ မောစွ

ကံကြမ္မာ သံသရာ မှန်မကွာ ပြန်အလာ ရန်တကာ မြန်မကြာ

မဲဇာတောင်ခြေ ပွဲခါညောင်ရေ
သဲသာသောင်မြေ

ချစ်သူတစ်ယောက် အပြစ်ယူလောက် အသစ်လူရောက်

စာ၎လုံးထက်ကျော်ရင်(မန်းကျည်း
ရွက်နဘေ) လို့ခေါ်တယ် ။

တံတားကြီးပေါ်က /ကုလားကြီးချော်
ကျ /ငါးကျည်းကြော်ချ

ကာရန်ထပ်တူကျရုံနဲ့ မပြီးဘူး
အဓိပ္ပာယ် လည်းရှိရမယ်။

မြင်းမူကကျောက်ငနွား
အဆင်းရူပခြောက်ပြား
(ငါက)
မင်းတူမယောက်ျား ဆိုရင် အဓိပ္ပာယ်
မဲ့နေလို့ ဇွတ်ယူတဲ့ နဘေဖြစ်တယ်။

ရိုးမြင့်ရွက်ရှေ /တိုးဆင့်ကျက်သရေ
/ဂိုးဂွင့်ဂွက်ဂွေ လိုဟာမျိုး

အဓိပ္ပာယ်ပြည့်တဲ့နဘေကျတော့

ခန်းဆောင်ရွှေ ရဝေတွင်း
ချမ်းပေါင်လေ တဖေတင်း

သည်အလွှာအကုန်ထွေး
ကြည်အသာမလုံသေး

အချိုးကဗျာများနဲ့ တေးထပ်မှာ နဘေပါမှ နဘေပိုင်မှ ပိုပြီးထိရောက်
ပါတယ်။ အထူးသဖြင့် လေးချိုးကြီး
တွေမှာပိုပြီး အသုံးတည့်ပါတယ်။

အချိုးကဗျာတွေမှာ အပေါ်အောက် ထပ်တွန့် နဘေထပ်ရင် ပါဒလင်္ကာရ
တွေကို ထည့်ပြီး နဘေမထပ်ရပါ။

မြပုဏ္ဏမာ သော်တာဦး(ရယ်က)
လယုန်စန္ဒာ ဘော်ခွာလူး(ရင်ဖြင့်)
နှမမှုန်ကညာ မော်ကာဖူး(ပါလို့)

ပဓာနကာရန် ဦး လူး ဖူး ပါအောင်
ထပ်တွန့်တဲ့ နဘေပါ
ပါဒလင်္ကာရ (ရယ်က) (ရင်ဖြင့်)
(ပါလို့) စတဲ့ ပါဒလင်္ကာရတွေကို နဘေမထပ်ရပါ ။
-------------------------------
ဝဂ်နင်း

ဝဂ်ဆိုတာ
(ကမှမအထိ) ငါးလုံးစီ အစုလိုက်
တည်သော ဗျည်းစု ။
(က ခ ဂ ဃ င) ကို ကဝဂ် ။
(စ ဆ ဇ ဈ ည) ကို စဝဂ် ။
(ဋ ဌ ဍ ဍ္ဎ ဏ) ကို ဋဝဂ် ။
(တ ထ ဒ ဓ န) ကို တဝဂ် ။
(ပ ဖ ဗ ဘ မ) ကို ပဝဂ် ဟူ၍ ခေါ်
သည်။
ဝဂ်ဗျည်း= ဝဂ် ငါးခု၌ ပါဝင်သော ကမှမအထိ ဖြစ်သော ဗျည်း နှစ်ဆယ့်ငါးလုံး ။

ဝဂ်နင်း

ကဗျာစပ်ရာတွင် ရှေ့အခံကာရန်၏
အက္ခရာနှင့် အသံကို မလိုအပ်ပဲ ထပ်
တူပြု၍ နောက်ကာရန်ထပ်ယူကာ
ရေးစပ်နည်း ။
အခံကာရန်နှင့် အအုပ်ကာရန်နှစ်ခု
ရှိရာတွင် ယင်းတို့နှင့်တူသော ကာ
ရန်တစ်ခု ကြားဝင်နေခြင်း။

သာဓက

တောတောင်ကသာ
မြစ်ညာက လေ(သွေး) ။

ရနံ့ထုံ မာလာ(မွှေး)တယ်
စိတ်ပျော်ဖို့(လေး) ။ ။

ဤတွင် မွှေးသည် ဝဂ်နင်းဖြစ်သည်။

မြန်မာအဘိဓာန် တွဲ၎ မျက် ၁၅၉

နေဘုန်းမိုရ် 

Sunday, December 13, 2015

ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့
စာသင်နည်း
-------
သူတို့ကျောင်းသားခလေးတွေ ကို တစ်ရက်ကို အိမ်စာ ၅ ခုလုပ်လာခိုင်းပါတယ်…

မေးခွန်းတွေက နေ့တိုင်းတူညီ နေပါတယ်…

၁. ဒီနေ့ သင်မိဘ ကို ဘာအိမ်အလုပ်တွေကူလုပ်ခဲ့သလဲ ?

၂. ဒီနေ့ သင်တစ်ပါးသူအပေါ်ဘယ်လို ကောင်းမှု့တွေ ဆောင်ရွက်ခဲ့သလဲ ?

၃. သင့်အိမ်မှာ ပတ်ဝန်းကျင်က ဘယ်လိုစိတ်ဝင်စားစရာသတင်းတွေ အကြောင်းပြောကြလဲ ?

၎. သင့်တိုင်းပြည် မှာဘယ်လိုပြောင်းလဲ တိုးတက်တဲ့ သတင်းတွေ ကြားရသလဲ ?

၅.ကမ္ဘာလောက ကြီးထဲ ဘာတွေ ပြောင်းလဲတိုးတက် လာသလဲ ?

ဒီမေးခွန်း ၅ ချက်ကနေ ဘာတွေ့ မိပါသလဲ ခင်ဗျာ ?
သူတို့ ဟာ ခလေးတွေ ကို မိဘတွေ ကိုကူညီအောင် သင်ကြားပေးကြပါတယ် ဒီလို မှမဟုတ်ယင် နံပါတ်၁ မေးခွန်းကိုဖြေ နိုင်မှာမဟုတ်ပါဘူးနေ့တိုင်းကောင်းမှု့လုပ်ရမယ် လူကောင်းဖြစ်အောင်သင်ကြားပေးပြီး မေတ္တာရှိ ပြီးသူတကာကိုကူညီနိုင်အောင် သင်ကြားပေးပါတယ်နို့မို့ဆိုယင် နံပါတ် ၂ မေးခွန်းကို ဖြေ တတ်ကြမှာ မဟုတ်ပါဘူး

ခလေးတွေ ကို ကိုယ့်ဘေးပတ်ဝန်းကျင်အကြောင်းစူးစမ်းတတ်လေ့လာတတ်အောင်သင်ကြားပေးပါတယ် သတင်းအချက်အလက်တွေ လေ့လာတတ်ပြီး ဘာတွေပြောင်းလဲလာသလဲ ဘယ်လို လိုက်ပါပြုပြင်ရမလဲ ဆိုတဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကို update လုပ်နေတတ်စေပါတယ် မဟုတ်ယင် နံပါတ် ၃.နဲ့ ၄ မေးခွန်းတွေ ကိုဖြေနိုင်မှာ မဟုတ်ပါဘူးနောက်ဆုံးမှာ ခလေးတွေ ကို vision ရှိလာအောင်သင်ကြားပေးပါတယ် ကမ္ဘာကြီး ဘယ် အထိတောင်ရောက်နေပြီလည်းဆိုတာ ခောတ်နဲ့ အညီ လိုက်ပါ သိရှိနေစေပါတယ်

ဒါပေမဲ့ အရာရာတိုင်းကို လိုက်အတု မခိုးစေပါဘူး သူတို့ ခလေးတွေ ကို တွေးခေါ်တတ်တဲ့ အတွေးရှိအောင် စဉ်းစားတတ်လာအောင် လေ့ကျင့်ပေးတာပါ အတွေးအခေါ်ရှိမှ အဖြေတွေ ကိုဖြေကြားလာနိုင်မှာ ပါ ခလေးတွေ ဒီလိုမျိုးနေ့တိုင်း စဉ်းစားတွေးခေါ်လုပ်ကိုင်သွားကြတဲ့ အခါ လေ့ကျင့်သွားကြတဲ့ အခါ ၃နှစ် ၅ နှစ် ၇နှစ် …၁၀နှစ် နှောင် နှစ် ၂၀ ကြာလာတဲ့ အခါ ဒီခလေးတွေဘယ်လိုတွေ ဖြစ်လာ မလဲ ဆိုတာ တွေးကြည့်ဖို့တော့ ကောင်းလာပါပြီ …..

လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ် ဆိုယင်ပေါ့

Credit – သင်သိယင် ချမ်းသာလိမ့်မယ်

Saturday, December 12, 2015

ပညာ​ရေးနဲ့ပတ်​သက်​တာ​လေးပါ။

အမေရိကန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ဘာလို့အရာရာ top ဖြစ်နေရလဲဆိုတာ ဒီ..မူကြို ဆရာမလေးရဲ့အဖြေကိုဖတ်ကြည့်ပြီး မအံ့ဩတော့ဘူး....... ...
.... ... ... ...
အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌ အင်တာဗျူး တစ်ခုလာနေသည်။
၎င်း အင်တာဗျူးကို စိတ်ဝင်တစားနားထောင်မိခဲ့သည်။ သဘောကျ မိပါသည်။
ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "
" ၃နှစ်လောက်ရှိပြီ"
" ဘာတာဝန်ယူရလဲ "
" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "
" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "
" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "
" ဒီထက်ပိုရှင်းပြလို့ရမလား "
" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "
" ဘာကြောင့်လဲ "
ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "
"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "
" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "
" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "
" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "
"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "
"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။
မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။
လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အဃြေံပညာရေးရဲ့ ရည်မှန်းချက် ပဲ "
" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "
" ရပါတယ် "
" လစာဘယ်လောက်ရလဲ "
" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "
" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "
" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "
" ကောင်းပါပြီ ..မေးပါရှင် "
" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "
" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "
" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "
" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "
" ဘာဆိုင်လို့လဲ "
" ဖြေကြည့်ပါ "
" နှင်းဆီ ပန်းကလှတာပေါ့ "
" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "
" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "
" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "
"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "
" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။
ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။
အဲဒီစိတ်ကူး စတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "
" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "
" စာဖတ်လို့ပါ "
"ဘာစာတွေဖတ်လဲ "
" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "
" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "
" နှစ်သက်ခဲ့ပါတယ် "
" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "
" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "
" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "
"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။
ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "
" all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "
" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "
" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "
" ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား "
" ဟုတ်တယ်ရှင့်...သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်...ဝန်ထမ်းကောင်းမှ
တိုင်းပြည်ကောင်းမှာရှင့် "
" ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် "
" ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် "
..................အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည် ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။
ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊ ကိုယ့်တာဝန်ကိုယ် မသိကြပါ။
#‪#‎Original‬ Writer
U Nay Pyauk & စဝ်သုနန္ဒာ Thiri

Friday, December 11, 2015

======​နေခြည်​======

ဖူးပွင့်​ငုံစ ဘဝမှသည်​..
ပွင့်​ပန်း​ဝေစည်​...
နေခြည်​.....မင်းရှိမှ။

မနက်​ခင်းတိုင်း..သာယာလှ
ကမ္ဘာ​မြေ​ပေါ်မင်း​ကြဲချ....
နေခြည်​....မင်းအလှဘယ်​မမှီ။

အ​မှောင်​ထဲမှာလမ်း​ပျောက်​....
စမ်း​လျှောက်​ရင်း..​ဝေ​လေ​လေ....
အ​မှောင်​​ပျောက်​ဖို့..အလင်းဝင်​...
နေခြည်​...မင်းကလမ်းပြသခင်​။

ပန်း​နေကြာ ပမာ​ပေး...
မင်းလာရာအရပ်​ကို​ငေး....
မှန်း​မျှော်​ကာ​တွေး​လေ​တော့.....
နေခြည်​...မင်းဟာ..
ပန်း​နေကြာရဲ့....အနာဂါတ်​​ပေါ့။

  ............. ဆရာဖြိုး.........

ဘ​လော့စတင်​ပါပြီ။